Wednesday, February 2, 2011

အိန္ဒြာကျော်ဇင် သတင်း

စီအဲန်အဲန်က ကမ္ဘာတလွှားသို့ မိနစ်ပိုင်းပဲ ထုတ်လွှင့်သွားပြီး၊ ယူကျုမှာပဲ လူတွေ ကြည့်နိုင်ကြတဲ့ စိန်စီတဲ့ည မင်္ဂလာပွဲရဲ့ သတို့သမီး- (မင်းကြားကြီးရဲ့ သမီးတော်) က မင်္ဂလာပွဲ ခြောက်ပွဲဆောင်ပြီး စပွန်ဆာ စိန်တွေစီပြီးတော့ တီဗီက တိုက်ရိုက်လွှင့်သွားတဲ့ ရုပ်ရှင် မင်းသမီး အိန္ဒြာကျော်ဇင်ကို အမျက်တော် ရှပြီး ကားရိုက်ခွင့် ခြောက်လ ပိတ်ပင်လိုက်တယ် ဆိုတဲ့ သတင်း ထွက်ပေါ်လာတာပါ။
သမီးတော် ၀တုတ်ကြီးဟာ မင်္ဂလာ တကြိမ်ပဲ ဆောင်ခဲ့ပြီး မြန်မာ့ရုပ်သံက တိုက်ရိုက် မလွှင့်ခဲ့ရပါဘူး။

အဲဒီလို မင်္ဂလာ ခြောက်ပွဲဆောင်မှုကြောင့် အကယ်ဒမီနဲ့ လွဲခဲ့တယ်လို့လဲ သတင်းဌာနတွေရဲ့ သတင်းတင်ဆက်မှုတွေမှာ ဖတ်ရှုရပါတယ်။ အိန္ဒြာကျော်ဇင်ဟာ အတိတ်၏ အရိပ် ဇာတ်ကားမှာ အကယ်ဒမီ ရနိုင်လောက်အောင် သရုပ်ဆောင်ခဲ့တာပါ။

ဆက်တိုက် ဆိုသလိုပဲ အိန္ဒြာကျော်ဇင်ရဲ့ မင်္ဂလာညစာစားပွဲ သတင်းဖော်ပြတဲ့ ဂျာနယ် နှစ်စောင် အပိတ်ခံခဲ့ရပါတယ်။ ဒါကြောင့်မို့ အခုလို ခြောက်လ ကားရိုက်ခွင့် ပိတ်ပင်ခံရတယ် ဆိုတဲ့ သတင်းကို လူအများက ပြောဆို နေကြတာဖြစ်ပါတယ်။

မင်းတြားကြီးရဲ့ သမီးနဲ့သွားပြိုင်ပြီးတော့ စိန်စီမိလို့ (ဖားတုလို့ ခရုခုန်မိလို့) ဘုရင့် သမီးတော် ၀တုတ်ကြီးရဲ့ အမျက်တော် ရှခြင်းကို ခံရတာ ဖြစ်တယ်၊ ဒါကြောင့် အခုလို အပြစ်ပေး ခံရတာ ဖြစ်တယ် ဆိုတဲ့ သတင်းများ ပေါ်ထွက်ခဲ့တာ ဖြစ်ပါတယ်။



No comments:

Post a Comment